အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုပပျောက်စေရေးအတွက် ဖဲကြိုးဖြူတွေတပ်ဆင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုကို ရခိုင်ပြည်နယ်မှာ ပြုလုပ်လျက်ရှိပါတယ်။

ဒီလိုဖဲကြိုးဖြူတွေတပ်ဆင်ရခြင်းဟာ အမျိုးသမီးတွေ အကြမ်းဖက်မှုကနေ လွှတ်မြောက်သွားပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)ရဲ့ အထွေထွေအတွင်းရေးမှူး စောဦးညွန့်ခင်က ဆိုပါတယ်။

ဒါ့အပြင် ကျေးလက်တွေမှာနေထိုင်တဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ နည်းမျိုးစုံအကြမ်းဖက်ခံရမှုကနေ ကာကွယ်နိုင်အောင် အသိပညာပေးမှုတွေနဲ့ စကားဝိုင်းပြုလုပ်တာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

သတင်း - နေဝင်းစံ