ရခိုင်ပြည်နယ်အတွင်းက ရူပဗေဒ ဆရာ၊ ဆရာမတွေကို လက်တွေ့ပိုင်းသင်တန်းပို့ချပြီး သင်ထောက်ကူပစ္စည်းတွေပေးအပ်နေ

................................................................

ရခိုင်ပြည်နယ်အတွင်းက အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို ရူပဗေဒဘာသာရပ်မှာ လက်တွေ့သင်ကြားပေးနိုင်ဖို့အတွက် ပြည်နယ်အတွင်းမှာရှိတဲ့ ရူပဗေဒဆရာ၊ ဆရာမတွေကို ရူပဗေဒဘာသာရပ်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ပို့ချပေးနေပြီး သင်ထောက်ကူပစ္စည်းတွေ ကိုလည်း ထောက်ပံ့ပေးအပ်လျက်ရှိပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က စစ်တွေမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှာ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်အတွင်းက ရူပဗေဒ ဆရာ၊ ဆရာမ ၁၀၀ ကို လက်တွေ့ပိုင်း သင်တန်း ၅ ရက်တာပို့ချပေးနေပြီး တစ်ခြားခရိုင်အတွင်းက ရူပဗေဒဘာသာရပ်သင်ပြနေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သင်တန်းပို့ချပေးသွားမယ်လို့ သင်တန်းနည်းပြတစ်ဦးဖြစ်တဲ့ ဒေါက်တာမြနှင်းအေးက ဆိုပါတယ်။

သတင်း - ကျော်ချစ်

 

Author: DMG