စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာမှာ ရှေးနှစ်ပေါင်းများကတည်းက ယုံကြည်ကိုးကွယ်လာခဲ့ကြတဲ့ နတ်ကွန်းဧရိယာကို တပ်မတော်မှ ခြံစည်းရိုးကာရံထားပြီး သိမ်းဆည်းထားတဲ့အတွက် ပါဒလိတ်ဒေသခံ ၁၅၀၀ ခန့်လောက်က ဒီနေ့ မေလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီက ခြံစည်းရိုးဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရဲ့ငပလီကမ်းခြေမှာ ဟိုတယ်အဆောက်အဦးတွေ တရားမဝင်တိုးချဲ့လုပ်ကိုင် တာတွေကြောင့် ပြည်သူတွေဟာ ဘက်ပေါင်းစုံကထိခိုက်နစ်နာမှုတွေရှိနေတယ်လို့ သံတွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

မာန်အောင်မြို့နယ် စမုံတဲလေယာဉ်ကွင်းကို ပေ ၇၀၀၀ ကျော် တိုးချဲ့လုပ်ကိုင်ရာမှာ ဒေသခံ ၃၁ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေနဲ့ ခြံမြေတွေ ပါဝင်သွားတဲ့အတွက် ၂၈ ဦးကို လျော်ကြေပေးလိုက်ပြီဖြစ်ပေမယ့် နောက်ထပ် ဒေသခံ ၃ ဦးကို လျော်ကြေးငွေပေးဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ပါတီညီလာခံ ကျင်းပဖို့ကိစ္စအပါအဝင် လတ်တလော ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ANP ပါတီက ပါတီတွင်း အစည်းအဝေးတစ်ခု ပြုလုပ်မယ်
......................................................................................

လာမယ့် ဒီဇင်ဘာလအတွင်း ပါတီညီလာခံ ကျင်းပ ဖြစ်ဖို့၊ မဖြစ်ဖို့ ကိစ္စအပါအဝင် လတ်တလော ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP က တစ်ပတ်အတွင်း မျက်နှာစုံညီအစည်းအဝေး တစ်ခုပြုလုပ်မှာဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒု-ဥက္ကဌ ဦးခိုင်ပြည်စိုးက ဒီလ ၁၃၊ ၁၄ ရက်နေ့မှာ ပါတီတွင်း မျက်နှာစုံညီအစည်းအဝေး ပြုလုပ်ဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဗဟိုကော်မတီဝင်တွေကို ဖိတ်ခေါ်ထားတာပါ။

ရခိုင်ပြည်နယ်အစိုးရဟာ NLD ပါတီနဲ့ ကင်းကွာလာနေတဲ့အတွက် ဆိုးကျိုးသာဖြစ်လာနိုင်တယ်လို့ စစ်တွေခရိုင် ပါတီအတွင်းရေးမှူးက ဝေဖန်

နေရာအနှံ့ဖြစ်ပေါ်နေတဲ့ သွေးလွန်တုပ်ကွေး ကင်းဝေးရေးအတွတ် ပုဏ္ဏားကျွန်းမြို့နယ် မူလွန်ကျောင်းတွေမှာ မြို့နယ်ဆရာဝန်ကြီးဦး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင် ဒီရေတောပြုန်တီးနေရခြင်းမှာ ပုဇွန်ကန်နှင့်လယ်မြေများတိုးချဲ့နေခြင်းကြောင့်ဟု တာဝန်ရှိသူမှပြောကြားလိုက်ပါတယ်။