နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ရမ်းဗြဲမြို့မှာ ရခိုင်ရိုးရာဓလေ့ဖြစ်တဲ့ ရမ္မာဝတီလှေလှော်ပြိုင်ပွဲနဲ့ ကျင်ကိုင်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အစည်ကားဆုံး ဗုဒ္ဓပူဇနိယ ပွဲတော်များထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ် ဗုဒ္ဓပူဇနိယပွဲတော်မှာ ပျော်ပွဲရွင်ပွဲတွေဖြစ်တဲ့ ရိုးရာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှု လျှော့နည်းခဲ့ပေမယ့် ပွဲတော်ကာလတွင်း လာရောက်လည်ပတ်သူတွေကတော့ ယခင်နှစ်တွေကထက် များပြားခဲ့တယ်လို့ဆိုပါတယ်။

ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှာ ကျရောက်မယ့် ရခိုင့်အငွေ့အသက်တွေ ကိန်းအောင်းနေတဲ့ (၄) နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို စစ်တွေမြို့မ ဈေးသူ၊ ဈေးသားတွေအနေနဲ့ အားလပ်ရပ်သတ်မှတ်ပြီး ဈေးပိတ်ကာ ဂုဏ်ပြုသွားမယ်လို့ သိရပါတယ်။

ဧပြီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် နှစ်သစ်ကူး ရခိုင်ရိုးရာသင်္ကြန်ကာလအတွင်း မြောက်ဦးမြို့မှာ မကျင်းပတာကြာပြီဖြစ်တဲ့ နံ့သာသွေးပြိုင်ပွဲနဲ့ သံချပ်ပြိုင်ပွဲတွေကို လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ကျင်းပသွားမယ်လို့ ပွဲစီစဉ်နေသူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တည် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတော်အား မတ်လ ၂၀ ကနေ ၂၆ ရက်နေ့အထိ မြို့မဘောလုံးကွင်းမှာ ပြည်နယ်အတွင်း ဆယ်စုနှစ်ကြာတိမ်မြှပ်ပျောက်ကွယ်နေတဲ့ ရခိုင်ရိုးရာအားကစားပွဲတွေနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်မှာ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့ကို ရည်ရွယ်ပြီး ရခိုင်ရိုးရာ နွားခြေမောင်းပြိုင်ပွဲကို မတ်လ ၂၅၊ ၂၆ နှစ်ရက်တိုင်တိုင် စည်ကားစွာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်တဲ့အနေနဲ့ တပေါင်းလပြည့်နေ့မှာ သံမြို့နယ် ငပလီကမ်းခြေ Public Area မှာ သျှစ်သောင်းမြောက်ပွဲခေါ် သဲပုံစေတီပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် စည်းကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပြီး စစ်တွေကမ်းခြေမှာလည်း