ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ် ။     ။  အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုပပျောက်စေရေးအတွက် ဖဲကြိုးဖြူတွေတပ်ဆင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုကို ရခိုင်ပြည်နယ်မှာ ပြုလုပ်လျက်ရှိပါတယ်။

ဒီလိုဖဲကြိုးဖြူတွေတပ်ဆင်ရခြင်းဟာ အမျိုးသမီးတွေ အကြမ်းဖက်မှုကနေ လွှတ်မြောက်သွားပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)ရဲ့ အထွေထွေအတွင်းရေးမှူး စောဦးညွန့်ခင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရူပဗေဒ ဆရာ၊ ဆရာမတွေကို လက်တွေ့ပိုင်းသင်တန်းပို့ချပြီး သင်ထောက်ကူပစ္စည်းတွေပေးအပ်နေ

................................................................

ရခိုင်ပြည်နယ်အတွင်းက အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကို ရူပဗေဒဘာသာရပ်မှာ လက်တွေ့သင်ကြားပေးနိုင်ဖို့အတွက် ပြည်နယ်အတွင်းမှာရှိတဲ့ ရူပဗေဒဆရာ၊ ဆရာမတွေကို ရူပဗေဒဘာသာရပ်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို ပို့ချပေးနေပြီး သင်ထောက်ကူပစ္စည်းတွေ ကိုလည်း ထောက်ပံ့ပေးအပ်လျက်ရှိပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က စစ်တွေမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှာ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်အတွင်းက ရူပဗေဒ ဆရာ၊ ဆရာမ ၁၀၀ ကို လက်တွေ့ပိုင်း သင်တန်း ၅ ရက်တာပို့ချပေးနေပြီး တစ်ခြားခရိုင်အတွင်းက ရူပဗေဒဘာသာရပ်သင်ပြနေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သင်တန်းပို့ချပေးသွားမယ်လို့ သင်တန်းနည်းပြတစ်ဦးဖြစ်တဲ့ ဒေါက်တာမြနှင်းအေးက ဆိုပါတယ်။

သတင်း - ကျော်ချစ်

ဘင်္ဂလားဒေ့ရှ်က ပြန်ထွက်ပြေးလာတဲ့ ဟိန္ဒူအမျိုးသမီး ၈ ယောက်နဲ့ သူတို့မိသားစုဝင်တွေ အဆက်အသွယ်မရရှိသေးဘဲ မိသားစုဝင်တွေက အမြန်ဆုံးပြန်ဆုံချင်နေ
......................................................................

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အောက်တိုဘာလ ၄ ရက်နေ့က မောင်တောဘက်ကို ပြန်လည်ထွက်ပြေးလာတဲ့ ဟိန္ဒူအမျိုးသမီး ၈ ယောက်ဟာ သူတို့မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဘဲ မိသားစုဝင်တွေက အမြန်ဆုံးပြန်ဆုံချင်နေကြပါတယ်။
ဒီအကြောင်းကို ပြန်ရောက်လာတဲ့အမျိုးသမီး ၈ ဦးထဲက လေးဦးနဲ့ ဆွေမျိုးတော်ဆက်သူ ဒေါ်မီနူဘာလာက အခုလိုပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ရခိုင်အမျိုးသမီးတွေပါပတ်သက်လုပ်ဆောင်နိုင်ဖို့အတွက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ယပ်လှဲကျောင်းပရိယတ္တိ စာသင်တိုက်မှာ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်တိုင်တိုင် ကျင်းပနေပါတယ်

နှစ်စဉ်ကျင်းပနေတဲ့ ခမီအမျိုးသားနေ့ (၇) ကြိမ်မြောက် အခမ်းအနားကို ရခိုင်ပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ ဘူးသီးတောင်မြို့မှာ ဧပြီလ ၂၇ ရက်နေ့ ကျင်းပသွားမယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၂၄၊ ၂၅ ရက်တွေက ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ခိုင်သဇင်ပန်းခြံမှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းဖိုရမ်မှာ တိုင်းရင်းသားများ လိုလားနေတဲ့ ဖက်ဒရယ်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
တက်ရောက်ဆွေးနွေးခဲ့သူတို့ရဲ့ သဘောထားတွေ ၊ အမြင်တွေကို တင်ဆက်ထားတာ ဖြစ်ပါတယ်။