ပါတီညီလာခံ ကျင်းပဖို့ကိစ္စအပါအဝင် လတ်တလော ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ANP ပါတီက ပါတီတွင်း အစည်းအဝေးတစ်ခု ပြုလုပ်မယ်
......................................................................................

လာမယ့် ဒီဇင်ဘာလအတွင်း ပါတီညီလာခံ ကျင်းပ ဖြစ်ဖို့၊ မဖြစ်ဖို့ ကိစ္စအပါအဝင် လတ်တလော ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP က တစ်ပတ်အတွင်း မျက်နှာစုံညီအစည်းအဝေး တစ်ခုပြုလုပ်မှာဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒု-ဥက္ကဌ ဦးခိုင်ပြည်စိုးက ဒီလ ၁၃၊ ၁၄ ရက်နေ့မှာ ပါတီတွင်း မျက်နှာစုံညီအစည်းအဝေး ပြုလုပ်ဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဗဟိုကော်မတီဝင်တွေကို ဖိတ်ခေါ်ထားတာပါ။

ရခိုင်ပြည်နယ်အစိုးရဟာ NLD ပါတီနဲ့ ကင်းကွာလာနေတဲ့အတွက် ဆိုးကျိုးသာဖြစ်လာနိုင်တယ်လို့ စစ်တွေခရိုင် ပါတီအတွင်းရေးမှူးက ဝေဖန်

နေရာအနှံ့ဖြစ်ပေါ်နေတဲ့ သွေးလွန်တုပ်ကွေး ကင်းဝေးရေးအတွတ် ပုဏ္ဏားကျွန်းမြို့နယ် မူလွန်ကျောင်းတွေမှာ မြို့နယ်ဆရာဝန်ကြီးဦး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင် ဒီရေတောပြုန်တီးနေရခြင်းမှာ ပုဇွန်ကန်နှင့်လယ်မြေများတိုးချဲ့နေခြင်းကြောင့်ဟု တာဝန်ရှိသူမှပြောကြားလိုက်ပါတယ်။

သံတွဲခရိုင် ငပလီမြို့နယ် ဂျိတ္တောရပ်ကွက် နတ်မှော်ကမ်းခြေတစ်လျှောက်မှာရှိ့တဲ့ ကျော့ပိုက်လုပ်ငန်းရှင်တွေ ရဲ့ ပိုက်တဲနဲ့ ငါးလှန်းကွင်းတွေကို ဟိုတယ်တည်းခိုခန်းလုပ်ငန်းရှင်တွေက ဖယ်ရှားခိုင်းနေတဲ့အတွက် ကျော့ပိုက်လုပ်ငန်းရှင်တွေမှာ အခက်တွေ့နေကြပါတယ်။

ဇွန်လ ၁ ရက်နေ့ ကျောင်းစတင်ဖွင့်လှစ်ခြင်းအမှီ ရခိုင်ပြည်နယ်အတွင်း အဆင့်မြင့်သတ်မှတ်ပေးထားတဲ့ကျောင်းနဲ့ အသစ်ဖွင့်လှစ်တဲ့ကျောင်းအရေအတွက် ၃၀၀ ကျော် ရှိလာတာကြောင့် ဆရာ/ဆရာမအင်အား အခက်အခဲဖြစ်လာနိုင်တယ်လို့ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG ကို ပြောပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ယနေ့ (မတ်လ ၂၅ ရက်နေ့) စတင်ကာ ကျောင်းစတင်အပ်နှံနေကြပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့အတွင်း ကျောင်းအပ်နှံနေတဲ့မြင်ကွင်းဖြစ်ပါတယ်။ ကျောင်းသားမိဘတွေကတော့ ကျောင်းအပ်နှံတဲ့အခါမှာ အခက်အခဲ တစ်စုံတစ်ရာ မရှိဘူးလို့လည်း ပြောဆိုကြပါတယ်။