စစ်တွေမြို့မှာ အဝေးသင်တက္ကသိုလ်စာသင်ဝိုင်းကြေးတွေ ဈေးမြင့်တက်လာတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေ အခက်အခဲဖြစ်နေ

စစ်တွေမြို့မှာ အဝေးသင်တက္ကသိုလ် စာသင်ဝိုင်းကြေးတွေ တစ်နှစ်ထက်တစ်နှစ် ဈေးမြင့်တက်လာတဲ့အပြင် အခြား နေစရိတ်၊ စားစရိတ်တွေပါ ဈေးကြီးနေတဲ့အတွက်ကြောင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ ငွေကြေးမလုံလောက်တဲ့ အခက်အခဲဖြစ်နေတယ်လို့ အဝေးသင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က အဝေးသင်စာသင်ဝိုင်းအခကြေးငွေဟာ ကျောင်းသားတစ်ဦးကို ၄ သောင်းနဲ့ ၅ သောင်းကြားမှာရှိပြီး အခု ၂၀၁၇ ခုနှစ် စာသင်ဝိုင်းအခကြေးငွေတွေဟာ ၉ သောင်းနဲ့ ၁ သိန်း ကြားမှာရှိတယ်လို့ လက်ရှိ ဝိုင်းတက်ရောက်နေကြတဲ့ ကျောင်းသားတွေက ပြောပါတယ်။

သတင်း - ကျော်ချစ်

 

 

Author: DMG