စစ်တွေတက္ကသိုလ် တက်ရောက်ဖို့ အခက်အခဲဖြစ်နေတဲ့ အဝေးသင်ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းစရိတ် ထောက်ပံ့ပေး

............................................................................

ရခိုင်ပြည်နယ်အတွင်းက စစ်တွေတက္ကသိုလ်တက်ရောက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၅၇ ဦးအတွက် ကျောင်းစရိတ်အပါအဝင် အခြားကျောင်းသုံးပစ္စည်းတွေကို ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ စစ်တွေမြို့ အာရိယာန်ခန်းမမှာ ပြည်တွင်းပြည်ပ အလှူရှင်တွေက ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ အခုလို ထောက်ပံ့တာဟာ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ စတဲ့မြို့နယ်တွေက ကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေကြပြီး တက္ကသိုလ်တက်ရောက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်နှစ်တစ်နှစ် မဆုံးရှုံးရအောင် ထောက်ပံ့ပေးအပ်တာဖြစ်တယ်လို့ ထောက်ပံ့ပေးအပ်သူ ကိုလင်းအိမ်က ဆိုပါတယ်။

သတင်း - ကျော်ချစ်

 

Author: DMG