အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ မျှော်လင့်ချက်နဲ့ မောင်တောဒေသကို မိသားစုအလိုက် ပြောင်းရွှေ့အခြေချနေထိုင်လာမှုဟာ တစ်ဖြည်းဖြည်းများလာနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလကနေစတင်ပြီး ရမ်းဗြဲ၊ မာန်အောင်နဲ့ သံတွဲမြို့နယ်တွေက မိသားစုဝင်တွေဟာ မောင်တောဒေသအတွင်း ပြောင်းရွှေ့အခြေချနေထိုင်လာတာ ဒီကနေ့အထိဆိုရင် မိသားစု ၆၂ စု၊ လူဦးရေ ၁၆၀ ကျော်နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာမှာ အခြေချနေထိုင်ဖို့အတွက် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကမိသားစု ၅ စု၊ လူဦးရေ ၁၅ ဦးတို့ဟာစစ်တွေမြို့ကနေတစ်ဆင့် အခုရက်ပိုင်းအတွင်းသွားရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း - နေဝင်းစံ

Author: နေရောင်မင်း(စစ်တွေ)