နေရာအနှံ့ဖြစ်ပေါ်နေတဲ့ သွေးလွန်တုပ်ကွေး ကင်းဝေးရေးအတွတ် ပုဏ္ဏားကျွန်းမြို့နယ် မူလွန်ကျောင်းတွေမှာ မြို့နယ်ဆရာဝန်ကြီးဦး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် အမှတ်(၁) မှုလွန်ကျောင်းမှာ ပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ အခုဟောပြောပွဲကို  မြို့နယ်ကျန်းမားရေးဦးစီးဌာနနဲ့ ပညာရေးဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ကျောင်းအုပ် မောင်ဘစိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေး ဖြစ်ပွားမှု အများဆုံးနှစ်လို့ ပြောဆိုနိုင်လောက်အောင် လူဦးရေ ၆၃၀ ခန့်ထိ သေးလွန်တုတ်ကွေး ဖြစ်ပွားနေပြီးတော့ ဇွန်လ ၇ ရက်နေ့ထိ သေဆုံးသူ ၁၁ ဦးထိ ရှိလာပြီးလို့ ရခိုင်ပြည်နယ် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စံကျော့ခိုင်က DMG ကို ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ်အားလုံးတွင် သွေးလွန်တုတ်ကွေးဖြစ်ပွားလျှက်ရှိပြီးတော့ အများဆုံးမှာ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ တောင်ကုတ် မြို့တို့မှာဖြစ်ပြီးတော့ ထိန်းချုပ်နိုင်မှု အပိုင်းနဲ့ပတ်သတ်ပြီး ဒေါက်တာ စံကျော့ခိုင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားလျှက်ရှိတဲ့ သွေးလွန်တုတ်ကွေးဒါဏ်ကို ၆ လသားကနေ ၇၃ နှစ်ခန့် အသက်အရွယ်ထိ ခံစားလျှက်ရှပြီး သွေးလွန်တုတ်ရောဂါကို ကာကွယ်ဖို့ ညွန်ကြားချက်တွေကိုလည်း အားလုံးလိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင်း ၂၀၁၄ ခုနှစ်မှာ အများအပြားဖြစ်ပွားခဲ့ပြီး သွေးလွန်တုတ်ကွေးရဲ့ သဘောတရားတွေအရ အနည်းဆုံး ၂ နှစ် ၃ နှစ်အကြာမှာ တစ်ကြိမ်စီ အများအပြား ဖြစ်လေ့ဖြစ်ထရှိတာကြောင့် ဆေးရုံဆေးခန်းနဲ့ ဝေးသူတွေရော နီးသူတွေပါ အထူးဂရုစိုက်ပြီး ညွန်ကြားချက်တွေကိုလိုက်နာကာ ဆေးမီးတိုတွေနဲ့ အတတ်နိုင်ဆုံး မကုကြဖို့လည်း ဒေါက်တာ စံကျော့ခိုင်က ပြောဆိုထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် ပုဏ္ဏားကျွန်းက ၂ ဦး၊ ကျောက်တော်နဲ့ မြောက်ဦးက ၃ ဦးစီ၊ ပေါက်တောနဲ့ အမ်းက ၁ ဦးစီ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တာလည်းဖြစ်ပါတယ် …

 

Author: DMG