မြန်မာနိုင်ငံတစ်ခုလုံးရှိ မြို့တွေမှာ 4G ကွန်ယက်များနဲ့ Internet အသုံးပြုနေချိန်မှာ အနောက်ဖက်နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မောင်တောမြို့မှာတော့ MPT 3 G / Telenor 2G ကွန်ယက်များဖြင့်သာ ချိတ်ဆက်အသုံးပြုနေရတာကြောင့် အင်တာနက်သုံးစွဲသူတွေ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတဲ့ မောင်တောမြို့မှာ အင်တာနက်လိုင်းတွေ မကောင်းတဲ့အတွက် ကိုယ်သိချင်တာတွေကို အလွယ်တကူနဲ့ရှာလို့မရသလို သတင်းသမားတွေအတွက်လည်း အချိန်နဲ့တစ်ပြေးညီ သတင်းရရှိနိုင်မှုကို အခက်တွေ့စေတယ်လို့ ဖုန်းပြုပြင်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မောင်တောဒေသခံ ကိုနိုင်နိုင်ထွန်းက ပြောပါတယ်။

သတင်း - ဝံသ (မောင်တော)

Author: ဝံသ(မောင်တော)
Development Media Group