ပင်လယ်ပြင်မှာ စက်ကိရိယာတွေနဲ့ ငါးဖမ်းဆီးမှုတွေ များလာတာကြောင့် ရမ်းဗြဲမြို့နယ်က သဘာဝအတိုင်း ငါးပုစွန်မွေးမြူသူတွေမှာ တစ်နှစ်ထက်တစ်နှစ် ငါး၊ ပုစွန်ထွက်နှုန်း နည်းပါးလာတယ်လို့ ငါးပုစွန်မွေးမြူသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သဘာဝစနစ်တွေ ပျက်စီးမှုရှိလာတာကြောင့် သဘာဝစနစ်ဖြင့် ငါးပုဇွန်မွေးမြူသူတွေမှာ စားဝတ်နေရေး အဆင်မပြေမှုတွေရှိနေပြီး မွေးမြူရေးလုပ်ငန်းတွေ တိုးတက်လာစေဖို့အတွက် အစိုးရက နည်းပညာနဲ့ ငွေကြေးအထောက်အပံ့တွေ ပေးစေချင်တယ်လို့ သဘာဝအတိုင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

သတင်း - အောင်ကောင်းဇော်

Author: အောင်ကောင်းဇော်