ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာအနီး ချောင်းကမ်းစပ်တွင် လူသတ်ခံရ၍ သေဆုံးနေသည့် အလောင်းတစ်လောင်းအား ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည်က တွေ့ရှိကြောင်း ကျားနင်းကန်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက် နှစ်ဦးကို မြန်နိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာကျသည်ဟု သတင်းမီဒီယာအဖွဲ့အစည်းများက ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန် ပြောဆိုသည်။

ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UN-Habitat) တို့ ပူးပေါင်းပြီး ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာလ (၈) ရက်နေ့က စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။

နိမ့်ကျနေသော ရခိုင်ပြည်နယ် ပညာရေးမြင့်မားစေရန်အတွက် ကလေးများအား ကျောင်းမှန်မှန်တက်နိုင်အောင် ဖန်တီးပေးရန်လိုအပ်ကြောင်း တောင်ကုတ်မြို့ဂူတာရပ်ကွက်မှာရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီးက DMG ကို ပြောသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နိုင်ရန် UEHRD ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့ (HCYT)မှ တတိယအသုတ်အတွက် လူငယ်စေတန့ာဝန်ထမ်းများ ခေါ်ယူလျှက်ရှိကြောင်း သိရသည်။