မြန်မာနိုင်ငံ သတင်းမီဒီယာသမားတွေ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ဆဋ္ဌမအကြိမ် မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ရန်ကုန်မြို့ ဗဟန်းမြို့ရှိ ချက်ထရီယံဟိုတယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ စတင်ကျင်းပနေရာမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်အေးလွင်ပြောကြားချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ရိုက်ကူး - သားကြီး/DMG

၆ ကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ ပထမနေ့တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ရခိုင်အခြေစိုက် DVB သတင်းထောက် ကိုအောင်က ယခုလိုပြောပြထားသည်။

ရိုက်ကူး - သားကြီး/DMG

ပြစ်ချက်မရှိဘူးလို့ ငြင်းဆိုလိုက်တဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင် နှင့် အင်တာဗျူး (ရုပ်သံ)

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူတို့အကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများရှိနေခြင်းဆိုသည့် စွပ်စွဲချက်များနှင့် လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်လက်မှတ်ထိုးကာ ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းဆေးအရေးယူဖို့ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းကာ တာဝန်ပေးထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

မကြာခင်ကျင်းပတော့မယ့် ANP ရဲ့ မျက်နှာစုံညီအစည်းအဝေး ဦးခိုင်ပြည်စိုးနဲ့ မေးမြန်းချက်
.........................................................

ဒီဇင်ဘာလအတွင်း ကျင်းပဖို့ လျာထားတဲ့ ပါတီညီလာခံ ကိစ္စအပါအဝင် လတ်တလောဖြစ်ပွားနေတဲ့ ၁၉၉၃ ခုနှစ် သဘောတူညီချက်နဲ့ ဘင်္ဂလီတွေကို ပြန်လက်ခံမယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ ရခိုင်အမျိုးသားပါတီက ဒီလ ၁၃၊ ၁၄ ရက်တွေမှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ ဗဟိုကော်မတီဝင်တွေ မျက်နှာစုံညီအစည်းအဝေးပြုလုပ်ကြမည်ဖြစ်ပါတယ်။

မေးမြန်းသူ - မိုးဇော်မြင့်၊ ဒီအမ်ဂျီ

တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး TNLA မှ ပြန်ကြားရေးဌာနမှူး ဗိုလ်မှူးတာအိုက်ကျော် (ခ) မိုက်အိုက်ကျော်နှင့် ဇူလိုင် ၁၆ ရက် ၁၁ နာရီဝန်းကျင်က တရုတ်ပြည် နယ်စပ်တစ်နေရာမှာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။  အဲဒီမေးမြန်းခဲ့မှုတွေကို သိရှိစေဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။