ဇန်နဝါရီလ ၁၈ ရက် ၊ ၂၀၁၈ ခုနှစ်။     ။  ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံလူထုတွေကြား အပြန်အလှန် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ လူအုပ်ကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့်တားဆီးခဲ့ပေမယ့် ထိန်းသိမ်းလို့မရတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒီကနေ့ နေ့လည်မှာတော့ မြောက်ဦးသုဿန်မှာ ဂူသွင်းသဂြိုဟ်ခဲ့ပါတယ်။ အဲဒီ ပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးရာမှာပါဝင်သွားသူတွေရဲ့ မိသားစုတွေက အခင်းဖြစ်ပွားပုံနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကို အခုလိုမျိုး ရှင်းပြထားကြပါတယ်။

ရိုက်ကူး - မောင်ဇော်ခိုင်

Author: DMG