“ချောင်း တောဖျားချောင်း
ဒီချောင်းဟာ လူသူအများအတွက် အလုပ်အကျွေးပြုစုပေးတယ်
ဒီချောင်းဟာ လူတချို့တစ်ဝက်အတွက် ကျေးဇူးရှင်ဖြစ်ခဲ့တယ်
ဖြစ်နေဆဲပေါ့
ဒီချောင်းမှာ ငါးရှာဖားရှာ အသက်မွေးသူတွေရှိသလို 
သစ်ခုတ် ၀ါးခုတ်သူတွေအတွက် 
အထောက်အပံ့ဖြစ်နေခဲ့တယ်
ဒီချောင်း တောဖျားချောင်းပေါ့ …. ” 


ဒီချောင်းဟာ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိပြီးတော့ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းဘေးကနေ သွားရတာပါ။ ဒီချောင်းလေးရဲ့ သမိုင်းက အကောင်းတွေနဲ့ ဖုံးလွှမ်းနေဆဲကာလမှာပဲ နိုင်ငံသားကောင်းရတနာတွေကို အဆုံးစီရင်ခဲ့ဖူးတဲ့ ချောင်းကလေးဖြစ်သွားခဲ့ပါတယ်။ အဖြစ်အပျက်ကဆန်းကျယ်နေတာလား ရက်စက်တတ်တာလားဆိုတာ ချောင်းကလေးအသိဆုံးဖြစ်မှာပါ။ ဇွန်လတစ်ရက်နေ့ ကမ္ဘာ့ကလေးသူငယ်များနေ့၊ စာသင်နှစ်တစ်နှစ်ရဲ့ ပထမဆုံးခြေလှမ်းမှာပဲ ရခိုင်ပြည်ကြီးရဲ့ ပညာသင်ကလေးတွေရဲ့ဘ၀ကိုချပြဖို့ ခေါင်းလောင်းထိုးစတေးခဲ့တာလားဆိုတာ မမေးရဲ စရာ ဇွန်တစ်ရက်မှာ မျက်ရည်တွေအစီစီရွာသွန်းခဲ့ကြရပါတယ်။
ဖြစ်ပျက်ပုံကို ရခိုင်လူထုတွေအနေနဲ့ ဇွန်လတစ်ရက်နေ့လို့ ဆိုလိုက်တာနဲ့ လူတိုင်းသိနိုင်ကြမှာပါ။ ပိုရွှီပြင်ဆိုတာနဲ့ လူတိုင်းသိနေကြမှာပါ။ တောဖျားချောင်းဆိုတာနဲ့ လူတိုင်းသိနေကြမှာပါ။ ဂန့်ဂါရွာဆိုတာနဲ့ လူတိုင်း မျက်ရည်ကျမိကြမှာပါ။ ပိုးရီပြင် အထက်တန်းကျောင်းလေးမှာ ချောင်းကူးမြောင်းကူးပြီး လှေကလေးနဲ့ သွားရောက်ကျောက်းတက်ရ တာပါ။ မထင်မှတ်ပဲဖြစ်ပျက်ခဲ့တဲ့ အဖျက်အပျက်ဆိုပေမယ့် မိသားစုဝင် ကလေးမိဘတွေအတွက်တော့ ရင်နစ်စရာ ဖြစ်ရပ်ကလေးတစ်ခုပါပဲ။

စက်လှေနစ်မြှုပ်ချိန်ဟာ အားလုံးသောရခိုင်ပြည်သူတွေအတွက် အထူးတလည်ပြောနေဖို့လိုမယ်မထင်ပါဘူး။ ၂၀၁၆ ခုနှစ် ဇွန်လ တစ်ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ဟာ ကူတို့သည်ရဲ့ပေါ့ဆမှုဖြစ်သလို အာနာပိုင်တွေရဲ့ ကျပ်မတ်ဆောင်ရွက်မှု မရှိခဲ့ခြင်းတွေကြောင့်ဆိုတာ အားလုံးရဲ့သုံးသတ်ချက်အတိုင်းပါပဲ။ စစ်လှေက သေးလွန်းတဲ့အပြင် ကလေး၂၈ ယောက်ထိတင်ဆောင်လိုက်တာကြောင့် မနိုင်ဝန်ထမ်းမိတဲ့စစ်လှေကို တောဖျားချောင်းက အားသာချက်ယူလိုက်ချိန်မှာတော့ ကလေး ၇ ဦးရဲ့ အသက်တွေ စတေးလိုက်ရပါတော့တယ်။

 

 

Author: DMG