တရုတ်နိုင်ငံ၊ တိုင်ပေ(ထိုင်ဝွမ်)တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ အနုပညာလက်ရာပြပွဲမှာ နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ဇာတိ ရခိုင်တိုင်းရင်းသား ပန်းချီဇွဲရန်နိုင်က ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီအနုပညာပြပွဲကို ထိုင်ဝမ် နိုင်ငံတကာ ခေတ်ပြိုင် ပန်းချီပညာရှင်အဖွဲ့က အာရှထိပ်တန်းအနုပညာပြပွဲ တစ်ခုဖြစ်တဲ့ တိုင်ပေအနုပညာလှူပ်ရှားမှု အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းစီစဉ်ကျင်းပတာဖြစ်ပြီး နိုင်ငံတကာက ကျော်ကြားတဲ့ အနုပညာလက်ရာရှင်ပေါင်း ၃၆၀ ကျော် ပါဝင်ပြီး ယှဉ်ပြိုင်မှုမြင့်မားလှတဲ့ အဆိုပါအနုပညာပြိုင်ပွဲမှာ ပန်းချီဇွဲရန်နိုင်က နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆု ရရှိခဲ့တာနဲ့ ပတ်သက်ပြီး ပန်းချီပညာရှင် ဇွဲရန်နိုင်က DMG နဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့ပါတယ်။

 

 

 

 

Author: မျိုးမြင့်ဇော်